ဒေးဒရဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း မျှင်ငါးပိပိဿာချိန် ၆၈,၀၀၀ ခန့်အထိ တင်ပို့ရောင်းချ
15 Feb
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ တစ်လတာကာလအတွင်း မျှင်ငါးပိပိဿာချိန် ၆၈,၀၀၀ ခန့်အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဒေးဒရဲမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်း ဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ပွဲရုံများမှ သိရပါတယ်။ ဒေးဒရဲမြို့နယ်မှ မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မျှင်ငါးပိ ပိဿာချိန် ၅၂,၀၀၀ ခန့်သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှာ မျှင်ငါးပိ ပိဿာ ၆၈,၀၀၀ ခန့်အထိ တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒေးဒရဲမြို့နယ်၌ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ဒေသခံရေလုပ်သားများ ဖမ်းယူ ရရှိသော မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သည့် မျှင်ငါးပိအဆင့်အထိ စနစ်တကျ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။(NVS 004)
15 Feb