ဇလွန်မြို့နယ်ရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

15 Feb

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်ရှိ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မာရ်အောင်မြင် ပြည်တော်ပြန်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၉ ရက်မှ တပေါင်း လပြည့်ကျော် ၁ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာပူဇာ အစီအစဉ်များအပြင် ပျော်ပွဲရွှင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း ဓမ္မပူဇာအနေနဲ့ အကြိုတရားပွဲတွေကျင်းပပြီး ဗုဒ္ဓပူဇာအနေနဲ့ ပြည်တော်ပြန်ဘုရားကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေသားမျက်နှာကြက် ကပ်လှူခြင်း၊ ဆွမ်းဦးကပ်လှူပူဇော်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သံဃာပူဇာအနေနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

15 Feb

ADVERTISE HERE .