နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)တည်ဆောက်မှု ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး
15 Feb
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ဖေဖော်ဝါရီလ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ရှင်းလင်းဆောင်၌ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် Myanmar Land & Development Ltd ဆောက်လုပ်ရေးကုမ္ပဏီ Project Director က ရှင်းလင်းတင်ပြခဲ့ပါတယ်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခိုင်ခံ့မှုရှိရေးနှင့် အချိန်မီပြီးစီးရေးမှာကြားပြီး အဆောက်အအုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)