အီရန်၌ ဆူပူအုံကြွနေစဉ် အမေရိကန်က Starlink စက်ပစ္စည်းများကို ခိုးသွင်းခဲ့ဟုဆို

14 Feb

အီရန်နိုင်ငံအတွင်း ဆူပူမှုများဖြစ်ပွားနေစဉ် အမေရိကန်အစိုးရသည် အီရန်သို့ Starlink ဂြိုဟ်တု အင်တာနက် စက်ပစ္စည်းအလုံးရေ ၆,၀၀၀ ခန့်ကို ခိုးသွင်းခဲ့ကြောင်း Wall Street Journal (WSJ) ကဖော်ပြထားသည်။ ယင်း လုပ်ဆောင်ချက်သည် အကြမ်းဖက်မှုများ၏နောက်ကွယ်တွင် ပြည်ပစွက်ဖက်မှုများ ရှိနေသည်ဟူသော အီရန်အစိုးရ၏ စွပ်စွဲချက်များကို ပိုမိုခိုင်မာစေသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အီရန်အစိုးရက အင်တာနက်ဖြတ်တောက်ပြီးနောက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ငွေကြေးထောက်ပံ့မှုဖြင့် ယင်းစက်ပစ္စည်းများကို ခိုးသွင်းပေးခြင်းဖြစ်သည်ဟု သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ ထိုအကြမ်းဖက်မှုများအတွင်း အရပ်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် သမားများ အပါအဝင် လူ ၃,၀၀၀ ကျော် သေဆုံးရသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အ အလားတူ အမေရိကန်နှင့် အစ္စရေးတို့သည် ဆန္ဒပြလူအုပ်အတွင်း “နိုင်ငံခြား အကြမ်းဖက်သမားများ” ထည့်သွင်းကာ လုံခြုံရေးအရာရှိများကို ခေါင်းဖြတ်ခြင်းနှင့် အရပ်သားများကို အရှင်လတ်လတ်မီးရှို့ခြင်း ကဲ့သို့သော ISIS အဖွဲ့၏ နည်းလမ်းများကို အသုံးပြုခဲ့သည်ဟု အီရန်သမ္မတက ပြောထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယခင်အသုံးပြုခဲ့သော VPN ရန်ပုံငွေများကို လွှဲပြောင်း၍ စက်ပစ္စည်းများကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

14 Feb

ADVERTISE HERE .