ဖာမင်လိုပက်ဇ် ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေါင် သန်း ၅၀၀ အထိ သတ်မှတ်လိုက်တဲ့ ဘာစီလိုနာအသင်း
13 Feb
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းက လူငယ်ကစားသမား ဖာမင်လိုပက်ဇ် ကို ၂ဝ၃၁ ခုနှစ်ထိ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့အပြင် စာချုပ်ဖျက်သိမ်းကြေးကိုလည်း စတာလင်ပေါင်သန်း ၅၀၀ အထိ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ဖာမင်လိုပက်ဇ် ဟာ ဘာစီလိုနာအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်မှ စတင်ကာ ကစားခဲ့ပြီး ၎င်းကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ သို့သော် လိုပက်ဇ် က ဘာစီလိုနာအသင်းတွင်သာ ဆက်လက်ကစားလိုတာကြောင့် ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး အသင်းတွင်သာဆက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် လိုပက်ဇ်နှင့် ဘာစီလိုနာအသင်း တို့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာကျန်ရှိတော့တဲ့အတွက် ဘာစီလိုနာအသင်းက ၂၀၃၁ ခုနှစ်ထိ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကာ စာချုပ်ဖျက်သိမ်းကြေးကိုလည်း စတာလင်ပေါင်သန်း ၅၀၀ အထိ တိုးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 008)