ဥရောပစူပါလိဂ်ပြိုင်ပွဲစီမံကိန်းမှ ရီးရဲလ်မက်ဒရစ်အသင်း နုတ်ထွက်ခဲ့ပြီးနောက် ပြိုင်ပွဲစီမံကိန်းပျက်ပြယ်

13 Feb

ဥရောပစူပါလိဂ် ပြိုင်ပွဲစီမံကိန်းမှ ရီးရဲလ်မက်ဒရစ်အသင်း နုတ်ထွက်ကြောင်း အတည်ပြုကြေညာခဲ့ပြီးနောက် ပြိုင်ပွဲစီမံကိန်းမှာ ပျက်ပြယ်ခဲ့ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းအပါအဝင် ဥရောပထိပ်တန်းကလပ်အသင်း ၁၂ သင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ခွဲထွက်ပြီးကျင်းပရန် သဘောတူညီခဲ့ကြသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်တို့၏ ကန့်ကွက်သတိပေးခြင်း ခံခဲ့ရသည့်အပြင် သက်ဆိုင်ရာကလပ်အသင်း ပရိသတ်များ ကလည်း ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြတဲ့အတွက် ကလပ်အသင်းအများစုက နုတ်ထွက်ခဲ့ကြပြီးနောက် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်အသင်း နှစ်သင်းသာ ကျန်ရှိခဲ့ခြင်းဖြစ်ပါတယ်။ အစောပိုင်းက ဥရောပစူပါလိဂ်ပြိုင်ပွဲစီမံကိန်းကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အေတီကို၊ မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ချဲလ်ဆီး၊ ဂျူဗင်တပ်၊ အေစီမီလန် နှင့် အင်တာမီလန်အသင်းတို့က ပူးပေါင်းကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ဘာစီလိုနာအသင်းကလည်း ပြီးခဲ့သည့်ရက်ပိုင်းက ဥရောပစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ရီးရဲလ်မက်ဒရစ်အသင်းကလည်း စီမံကိန်းမှနုတ်ထွက်ကြောင်း အတည်ပြုခဲ့ပြီးနောက် ဥရောပစူပါလိဂ်ပြိုင်ပွဲစီမံကိန်းမှာ ပျက်ပြယ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

13 Feb

ADVERTISE HERE .