မက်ဂွိုင်ယား နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မန်ယူအသင်းဆွေးနွေး
13 Feb
မန်ယူအသင်းက အသင်းမှခံစစ်ကစားသမား မက်ဂွိုင်ယား အား သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေကြောင်း သိရပါတယ်။ မက်ဂွိုင်ယား ဟာ ၂၀၁၆ ခုနှစ်က လက်စတာအသင်းမှ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး လက်ရှိဘောလုံးရာသီ အကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်ပါတယ်။ အစောပိုင်းက မန်ယူအသင်းကို နည်းပြ အမိုရင် တာဝန်ယူကိုင်တွယ်စဉ်က မက်ဂွိုင်ယား အား ရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရန်ဆုံးဖြတ်ထားခဲ့ပါတယ်။ နည်းပြ ကာရစ် လက်ထက်တွင် မက်ဂွိုင်ယား အနေနဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နေပြီး ခြေစွမ်းပြလျက်ရှိတဲ့အတွက် မန်ယူအသင်းက ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ကာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်ပါတယ်။ (NVS 008)
13 Feb