စပါးအသင်း နည်းပြသစ်အဖြစ် ရေပန်းစားနေတဲ့ နည်းပြ ဒီဇာဘီ
13 Feb
စပါးအသင်းရဲ့ လစ်လပ်နေတဲ့ အသင်းနည်းပြရာထူးအတွက် မာလ်ဆေးအသင်း နည်းပြဟောင်း ဒီဇာဘီ က နည်းပြသစ်အဖြစ် ထိပ်ဆုံးမှရေပန်းစားနေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်က နည်းပြ ပိုစတီ ကိုဂလူး ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ဘရန့်ဖို့ဒ်အသင်းမှ နည်းပြ ဖရန့် ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး နည်းပြ ဖရန့် အနေဖြင့် အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့လို့ အသင်းကို ရှစ်လသာ တာဝန်ယူကိုင်တွယ်ခွင့်ရခဲ့ပြီး ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ နည်းပြ ဒီဇာဘီ ဟာ စပါးအသင်းက နည်းပြ ဖရန့် ကို ထုတ်ပယ်ခဲ့သည့်အချိန်တွင် မာလ်ဆေးအသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့တဲ့အတွက် စပါးအသင်းနည်းပြသစ်အဖြစ် ရေပန်းစားလာခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ ဒီဇာဘီ အနေနဲ့ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ရလဒ်ကောင်း များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အတွေ့အကြုံရှိ နည်းပြတစ်ဦးဖြစ်တာကြောင့် စပါးအသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။(NVS 008)