စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်
13 Feb၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာကို ကျပ် ၆,၂၅၀ အဖြစ် ထုတ်ပြန်ခဲ့ရာ ယခင်တစ်ပတ်ကထက် ဈေးနှုန်း အနည်းငယ်မြင့် တက်လာခြင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်တအတွင်း ရောင်းချရမည့်ဈေးနှုန်းမှာ တစ်ပိဿာကို ကျပ် ၆,၁၅၀ အဖြစ် သတ်မှတ်ထုတ်ပြန် ပေးခဲ့တာကြောင့် ယခုတစ်ပတ်အတွက် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ပေးလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ ဒါ့အပြင် စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားထုတ်ပြန်ထားပါတယ်။(NVS 004)