ယူကရိန်းနှင့် နောက်တစ်ကျော့ဆွေးနွေးပွဲ မကြာမီပြုလုပ်မည်ဟု ရုရှားအစိုးရထုတ်ပြန်
13 Feb
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား နောက်တစ်ကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြာမီအချိန်အတွင်း ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီယက်စကော့ က ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောသည်။ ယူကရိန်းသမ္မတက နောက်တစ်ကျော့ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်အတွင်း အမေရိကန်၌ကျင်းပရန် သဘောတူထားသည်ဟူသော ပြောဆိုချက်အပေါ် ပက်စကော့ က ယခုကဲ့သို့တုံ့ပြန်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်တို့တွင် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အဘူဒါဘီမြို့၌ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့ သုံးပွင့်ဆိုင်ဆွေးနွေးမှုပြုလုပ်ပြီးနောက် ယခုကဲ့သို့ နောက်တစ်ကျော့ဆွေးနွေးရန် ပြင်ဆင် လာခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ပက်စကော့ ကပြောထားသည်။
13 Feb