2026 Rio Open presented by Claro တင်းနစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ကျင်းပမည်
12 Feb
ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အမျိုးသားတင်းနစ်ပြိုင်ပွဲ 2026 Rio Open presented by Claro တင်းနစ်ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ 2026 Rio Open presented by Claro တင်းနစ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၃ ရက်အထိ ၈ ရက်ကြာ ကျင်းပမှာဖြစ်ပြီး နာမည်ကျော် တင်းနစ်ကစားသမားများစွာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ Rio Open presented by Claro တင်းနစ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ အာဂျင်တီးနား တင်းနစ်ကစားသမား Sebastian Baez ဖြစ်ကြောင်း သိရပါတယ်။(NVS 008)
12 Feb