ဘရန့်ဝိတ် အား အဲဗာတန်အသင်းက ရောင်းချဖွယ်ရှိနေ

12 Feb

အဲဗာတန်အသင်းက နောက်ခံလူ ဘရန့်ဝိတ် အား လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ပေါင် ၆၅ သန်းဖြင့် ရောင်းချသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အဲဗာတန်အသင်းအနေနဲ့ ဘရန့်ဝိတ် ကို ပြီးခဲ့တဲ့နွေရာသီမှာ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း မြင့်မားသည့်ပြောင်းရွှေ့ကြေးရရှိပါက ရောင်းထုတ်ရန်စီစဉ်ထားတာဖြစ်ပါတယ်။ လက်ရှိတွင် မန်ယူနှင့် လီဗာပူးလ်အသင်းတို့က ဘရန့်ဝိတ် ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက် ရှိပါတယ်။ ဒါကြောင့် အဲဗာတန်အသင်းက ဘရန့်ဝိတ် ကို ပေါင် ၆၅ သန်းဖြင့် ရောင်းချရန် ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။ ဘရန့်ဝိတ် ဟာ အဲဗာတန်အသင်းအတွက် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ရာသီတွင် အမာခံကစားသမားအဖြစ် ခြေစွမ်းပြခွင့်ရရှိခဲ့ပြီး ထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံလာရသူဖြစ်ပါတယ်။(NVS 008)

12 Feb

ADVERTISE HERE .