အယ်လီယော့အန်ဒါဆန် ကို စတာလင်ပေါင် သန်း ၁၀၀ ဖြင့်ခေါ်ယူရန် မန်စီးတီးအသင်းစီစဉ်

12 Feb

မန်စီးတီးအသင်းက နော်တင်ဟမ်ဖောရက်စ်အသင်း ကွင်းလယ်ကစားသမား အယ်လီယော့အန်ဒါဆန် အား စတာလင်ပေါင် သန်း ၁၀ဝ ဖြင့်ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား အန်ဒါဆန် ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်အတူ ၂၀၂၄-၂၀၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၁ ပွဲကစားပြီး သုံးဂိုးသွင်းယူ ထားနိုင်ခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းကလည်း မန်စီးတီးအသင်းမှ စတာလင်ပေါင် သန်း ၁ဝဝ ဖြင့် ကမ်းလှမ်းလာ ပါက လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ (NVS 008)

12 Feb

ADVERTISE HERE .