ကက်စမဲရိုး ရဲ့နေရာမှာ တိုနာလီ နဲ့ အစားထိုးရန် မန်ယူအသင်းစီစဉ်

12 Feb

မန်ယူအသင်းက လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ကက်စမဲရိုး ရဲ့နေရာမှာ နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနာလီ ကို ခေါ်ယူအစားထိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းက တိုနာလီ ကိုခေါ်ယူရန် စီစဉ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပြီး ၎င်းရဲ့အေးဂျင့်က ရာသီကုန်ချိန်တွင် အနာဂတ်အတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါတယ်။ တိုနာလီ က ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရသည့် အသင်း၌သာ ကစားလိုခြင်းကြောင့် နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရပါက လမ်းခွဲရန်ရည်ရွယ်ခြင်းထားခြင်းဖြစ်ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အပြီးတွင် နယူးကာဆယ်အသင်းက အဆင့်(၁၀)နေရာ၌ ရောက်ရှိနေပြီး အဆင့်(၄)နေရာမှ မန်ယူအသင်းနှင့် ကိုးမှတ်ကွာဟနေခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အလားအလာနည်းပါး နေတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက တိုနာလီ ကို ၂၀၂၃ နွေရာသီတွင် အေစီမီလန်အသင်းမှ ယူရိုသန်း ၇၀ ဝန်းကျင်ဖြင့် ခေါ်ယူခဲ့ပြီး လက်ရှိစာချုပ်မှာ ၂၀၂၉ ခုနှစ်အထိကာ တစ်နှစ်သက်တမ်းထပ်တိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။(NVS 008)

12 Feb

ADVERTISE HERE .