ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်းလိုတဲ့ အန်းဒရစ်

11 Feb

အန်းဒရစ် အနေနဲ့ လိုင်ယွန်အသင်းထံ အပြီးသတ်ပြောင်းရွှေ့မည်မဟုတ်ဘဲ ရာသီအကုန်တွင် ရီးရဲလ်မက်ဒရစ် အသင်းနှင့် ပြန်လည်ပူးပေါင်းမှာဖြစ်တယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၁၉ နှစ်ရှိ အန်းဒရစ် ဟာ ၂၀၂၄ ခုနှစ်က ပါမီးယက်စ်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ ခဲ့ကာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပြိုင်ပွဲစုံ ၃၇ ပွဲပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း လက်ရှိရာသီတွင် သုံးပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့လို့ ပွဲကစားခွင့်ရရှိမည့် လိုင်ယွန်အသင်းထံ ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလက ခြောက်လအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လိုင်ယွန်အသင်းက ခြေစွမ်းပြသလျက်ရှိတဲ့ အန်းဒရစ် ကို ရာသီအကုန်တွင် အပြီးသတ်ခေါ်ယူလိုပေမယ့် အေးဂျင့် တီယာဂို က အန်းဒရစ် အနေနဲ့ ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အန်းဒရစ် ဟာ လိုင်ယွန်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကာ အဓိက ကစားသမားအဖြစ် ပါဝင်နေပြီး အသင်းနှင့်အတူ ခြောက်ပွဲကစားပြီးချိန်တွင် သွင်းဂိုးငါးဂိုးအထိ သွင်းယူထားပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားကြောင်းသိရပါတယ်။(NVS 008)

11 Feb

ADVERTISE HERE .