အယ်လ်အာလီနှင့် အယ်လ်အီတီဟက်အသင်းတို့က ဟယ်ရီကိန်း ကိုခေါ်ယူရန် အပြိုင်ကြိုးပမ်းနေ

11 Feb

ဆော်ဒီပရိုလိဂ် ထိပ်တန်းကလပ်အသင်းများဖြစ်ကြသည့် အယ်လ်အာလီနှင့် အယ်လ်အီတီဟက်အသင်းတို့က ဘိုင်ယန်မြူးနစ်အသင်းမှ ဝါရင့်တိုက်စစ်မှူး ဟယ်ရီကိန်း ကို အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း Kicker သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါတယ်။ ဟယ်ရီကိန်း ဟာ ၂၀၂၃ ခုနှစ်က စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် ဇွန်လအကုန်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း စာချုပ်ပါအချက်အလက်များအရ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာနိုင်မည့်အချက် ပါရှိနေခဲ့လို့ အယ်လ်အာလီအသင်းနှင့် အယ်လ်အီတီဟက်အသင်းတို့က အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ အယ်လ်အီတီဟက်အသင်းက ယခုနှစ်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်သည့် ဘင်ဇီးမား ကို ပြိုင်ဘက်အယ်လ်ဟီလယ်အသင်းထံ လက်လွှတ်ခဲ့ရလို့ ဟယ်ရီကိန်း နှင့် ပြန်လည်အစားထိုးရန် စီစဉ်နေပြီး အယ်လ်အာလီအသင်းကလည်း ဆော်ဒီပရိုလိဂ် ချန်ပီယံဆုဆွတ်ခူးနိုင်ရန် တိုက်စစ်ပိုင်းအင်အား ဖြည့်တင်းလိုတဲ့အတွက် ဟယ်ရီကိန်း ကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။(NVS 008)

11 Feb

ADVERTISE HERE .