စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေ

11 Feb

စပါးအသင်းက လက်ရှိအချိန်တွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ် အား နည်းပြရာထူးမှ ထုတ်ပယ်သွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ စပါးအသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲ ကစားအပြီးတွင် ရမှတ် ၂၉ မှတ်ဖြင့် အဆင့်(၁၅) နေရာတွင် ရပ်တည်နေပြီး ရလဒ်များ အလွန်ဆိုးရွားနေခြင်းကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ် အား ရာထူးမှထုတ်ပယ်သွားရန် စဉ်းစားလာခြင်းဖြစ်ပါတယ်။ နည်းပြ သောမတ်စ်ဖရန့်ခ် ဟာ စပါးအသင်းကို ၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၃၇ ပွဲတွင် ၁၃ ပွဲနိုင်၊ ၁၁ ပွဲသရေ၊ ၁၃ပွဲရှုံး ရလဒ် ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ် အနေနဲ့ လက်ရှိထွက်ပေါ်နေသည့် သတင်းများအတိုင်း စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရမလားဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။(NVS 008)

11 Feb

ADVERTISE HERE .