လက်ရှိဘောလုံးရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းမှထွက်ခွာမည့် ကာဗာဂျယ်
11 Feb
ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံကစားသမား ကာဗာဂျယ် ဟာ အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေ ဖြစ်နေခဲ့လို့ လက်ရှိဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် နောက်ခံကစားသမား ကာဗာဂျယ် ကို လက်ရှိအချိန်တွင် ဥရောပကလပ်အသင်း များစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ကာဗာဂျယ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၁၃-၂ဝ၁၄ မှ လက်ရှိရာသီအထိ ပြိုင်ပွဲစုံ ၄၃၈ ပွဲကစားပြီး ၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
11 Feb