“ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်”
11 Feb
နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၂ ရက်(တပေါင်းလဆန်း ၉ ရက်မှ တပေါင်းလပြည့်နေ့အထိ) ခုနှစ်ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးစေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို စေတီတော်မြတ်ကြီး၏ ပွဲတော်ကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ ပွဲဦးသစ်ဇာတ်သဘင်ဖျော်ဖြေမှု၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၈ ရက်အထိ တေးပဒေသာ ဂီတဖျော်ဖြေမှု၊ မတ်လ ၁ ရက်မှ ၂ ရက်အထိ ရွှေပြည့်လျှံဇာတ်သဘင် ဖျော်ဖြေမှုများ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အပန်းဖြေကစားကွင်းများနှင့် ဈေးဆိုင်ခန်းများ စုံလင်စွာ ထည့်သွင်းကျင်းပသွားမှာဖြစ်လို့ ရပ်ဝေးရပ်နီးရှိ ဘုရားဖူးပြည်သူများအနေနဲ့ လာရောက်ဆင်နွှဲနိုင်ကြောင်း စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ဖိတ်ခေါ်ထားပါတယ်။ (NVS-004)