“OWIC ကတ်များ ပျောက်ဆုံး/ပျက်စီးပါက ဒဏ်ကြေးအဖြစ် ငွေကျပ် ၂၂,၄၀၀ ကျပ် ပေးဆောင်ရမည်”
11 Feb
OWIC ကတ်များ ပျောက်ဆုံး/ပျက်စီးပါက ဒဏ်ကြေးအဖြစ် ငွေကျပ် ၂၂,၄၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက OWIC ကတ်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်မှစတင်၍ OWIC ကတ် တန်ဖိုး ကျပ် ၅,၆၀၀ နဲ့ အသစ်ပြုလုပ်ပေးလျက်ရှိပြီး ပျောက်ဆုံး/ပျက်စီးပါက ဒဏ်ကြေးငွေကျပ် ၂၂,၄၀၀ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ငွေစာရင်းအမှတ် OA-013904 သို့ အလုပ်သမားကိုယ်တိုင် ငွေလွှဲ လျှောက်လွှာဖြင့် လာရောက်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ပေးသွင်းပြီးပါက ငွေလွှဲလျှောက်လွှာ(မူရင်း)နှင့်အတူ မိတ္တူ (၁)စောင်အားယူဆောင်၍ OWIC ကတ် ပြုလုပ် ရမည့်နေ့ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ) OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာမမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ(မူရင်း) ပြသနိုင်မှုမရှိခြင်းတို့ ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)