“ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ကီလိုမီတာ ၃,၇၀၀ ရှိ ခရီးရှည် ငြိမ်းချမ်းရေးလမ်းလျှောက်မှု ဝါရှင်တန်ဒီစီ၌ အဆုံးသတ်”

11 Feb

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ကိုးခုကိုဖြတ်၍ ကီလိုမီတာ ၃,၇၀၀ ကျော် ခရီးနှင်ခဲ့သည့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ခရီးရှည်ငြိမ်းချမ်းရေးလမ်းလျှောက်မှုခရီးစဉ်သည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဝါရှင်တန်ဒီစီမြို့၌ အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။ ထိုခရီးစဉ်သည် လူအများကြားတွင် စိတ်ပိုင်းဆိုင်ရာ နိုးကြားမှု ဖြစ်စေရန် ရည်ရွယ်ပြီး လမ်းတစ်လျှောက်တွင် ထောင်ပေါင်းများစွာသောပြည်သူလူထု၏ ကြိုဆိုအားပေးမှုကိုရရှိခဲ့သည်။ ရဟန်းတော်များသည် ငြိမ်းချမ်းရေး၊ မေတ္တာနှင့် ကရုဏာတရားတို့ကို အမေရိကတိုက်နှင့် ကမ္ဘာတစ်ဝန်းမှ ပြည်သူ များ သိရှိနိုးကြားစေရန် လွန်ခဲ့သောသုံးလကျော်က တက္ကဆက်ပြည်နယ်မှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။ လမ်းခရီးတစ်လျှောက်တွင် အာတိတ်အအေးလှိုင်းနှင့် ဆီးနှင်းမုန်တိုင်းဒဏ်များ ခံစားခဲ့ရသော်လည်း ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်၏ ဦးစီးခေါင်းဆောင်ဖြစ်သော ဘိက္ခုပညာကာရ က “ကျွန်ုပ် တို့အနေနဲ့ ဆန္ဒပြဖို့ လမ်းလျှောက်တာမျိုးမဟုတ်ဘဲ လူသားတိုင်းရဲ့အတွင်းစိတ်မှာရှိတဲ့ ငြိမ်းချမ်းရေးကို နိုးထလာစေဖို့ လမ်းလျှောက်တာဖြစ်ပါတယ်” ဟု မိန့်ကြားသည်။ ခရီးစဉ်အတွင်း တက္ကဆက်ပြည်နယ်၌ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားပြီး ရဟန်းအချို့ဒဏ်ရာရရှိကာ ရဟန်းတစ်ပါးမှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသော်လည်း ငြိမ်းချမ်းရေး သဝဏ်လွှာကို ဆက်လက်သယ်ဆောင်ရန် ခရီးကိုမရပ်နားဘဲ ဆက်လက်လျှောက်လှမ်းခြင်းဖြစ်ကြောင်း ST သတင်း ဌာနဖော်ပြချက်အရ သိရသည်။

11 Feb

ADVERTISE HERE .