“အကယ်ဒမီဆုရဇာတ်ကားတွေကို မြဝတီမီဒီယာစင်တာ Star Cinema မှာ ပြန်လည်ပြသမည်”
11 Feb
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ် (၈၀) ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်ကို မြဝတီမီဒီယာစင်တာရှိ Star Cinema အဆင့်မြင့်ရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်ပြီး ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမယ်လို့ မြဝတီမီဒီယာစင်တာမှ တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။ ၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်မှာ ၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆုရရှိခဲ့တဲ့ နှင်းပွင့်စေရာ၊ မြေစာ၊ ဗြောသံ၊ မြို့ပြထဲကလမ်းမ၊ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်၊ မောင့်မိဖုရား၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ နတ်ဝင်သည် စတဲ့ရုပ်ရှင်ဇာတ်ကားများကို မြဝတီမီဒီယာစင်တာရှိ Star Cinema အဆင့်မြင့်ရုပ်ရှင်ရုံမှာ စုစည်းပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားများပြသရာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တွင် နှင်းပွင့်စေရာ၊ ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်မှာ မြေစာ၊ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်မှာ ဗြောသံ၊ ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်မှာ မြို့ပြထဲကလမ်းမ၊ ဖေဖော်ဝါရီလ ၂၁ ရက် နှင့် ၂၂ ရက်မှာ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်မှာ မောင့်မိဖုရား၊ ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်မှာ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်မှာ နတ်ဝင်သည် ဇာတ်ကားတို့ကို ပြသသွားမှာဖြစ်ပါတယ်။ အကယ်ဒမီဇာတ်ကားများကို အမှတ် ၁၅၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ Star Cinema အဆင့်မြင့်ရုပ်ရှင်ရုံမှာ နေ့စဉ်တစ်ရက်ကို နှစ်ချိန် (နံနက် ၁၀ နာရီနဲ့ ညနေ ၆ နာရီ) ပြသသွားမယ်လို့ သိရပါတယ်။ (NVS 004)