“နိုင်ငံတော်ယာယီသမ္မတမှ MSME ပြခန်းများကို ကြည့်ရှုအားပေး”
11 Feb
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ်ပိုင်းမှာ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ရှိ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပဈေးကွက်ချိတ်ဆက် ရေးလုပ်ငန်းအဖွဲ့ပြခန်း၊ ပြည်တွင်းဈေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ပြခန်း၊ ဝန်ကြီးဌာနများနှင့်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့ ပြခန်းများအတွင်း MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းရှင်များ၏ ပြည်တွင်း ပြည်ပဈေးကွက်ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးချိတ်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာနပြခန်းများနှင့် အရောင်းပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုလေ့လာခဲ့ပြီး ပြခန်းတာဝန်ခံ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုတာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါတယ်။ (NVS 004)