“Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံးခန်းမ)ကို ယာယီသမ္မတ ဖွင့်လှစ်ပေးခဲ့”

11 Feb

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy ၏ လူဦးရေ ၁,၂၀၄ ဦးဆံ့ (ဘွဲ့နှင်းသဘင်ခန်းမ)ဘက်စုံသုံးခန်းမကို ဖေဖော်ဝါရီလ ၁၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ တိုင်းရင်းသားရိုးရာအစားအစာရောင်းချပွဲမှာ ခင်းကျင်းပြသထားမှုများကို ကြည့်ရှု အားပေးခဲ့ပြီး Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံးခန်းမ)ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ချောချောစိန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ နိုင်ငံတော်ယာယီသမ္မတက Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံးခန်းမ)အတွင်း လှည့်လည်ကြည့်ရှုကာ အမှာစကားများပြောကြားခဲ့ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ယာယီသမ္မတမှ ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ခင်းကျင်း ပြသထားတဲ့ အလုပ်အကိုင်အခွင့်အလမ်း ပြခန်းများကို ကြည့်ရှုခဲ့ပါတယ်။ Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမအဆောက်အအုံသည် အလျား ၃၀၂ ပေ၊ အနံ ၂၁၈ ပေရှိကာ စုစုပေါင်းစတုရန်းပေ ၁၆၇,၀၀၀ ကျော်ရှိ ၃ ထပ်သံကူကွန်ကရစ်အဆောက်အအုံဖြစ်ပြီး ဘွဲ့နှင်းသဘင် အခမ်းအနား များ ကျင်းပနိုင်ရန်သာမက အခြားသောအခမ်းအနားများနှင့် ဖျော်ဖြေတင်ဆက်မှုများ ကျင်းပနိုင်ရန်ရည်ရွယ်၍ လူဦးရေ ၁,၂၀၄ ဦးဆံ့ ဘက်စုံသုံးခန်းမကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)

11 Feb

ADVERTISE HERE .