“လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာမှာ မသက်ဆိုင်သူများထံ မရောက်ရှိစေရေး အလေးထား ဆောင်ရွက်ရမည်”

11 Feb

လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၉ ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က တက်‌ရောက် မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာမှာ ဘက်လိုက်မှုမရှိပဲ မျှတစွာပေးအပ်နိုင်ရေး၊ မသက်ဆိုင်သူများထံ မရောက်ရှိစေရေး၊ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း များထံ အကူအညီအထောက်အပံ့များ မရောက်ရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက အမျိုးသားအဆင့်အဖွဲ့အစည်းဖြစ်၍ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများမှာ ကြက်ခြေနီအခြေခံမူများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးအတွက် အထူးအလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။ အဆိုပါမြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၈)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နှင့် ဖေဖော်ဝါရီလ ၁၀ ရက်တို့မှာကျင်းပခဲ့ပါတယ်။ (NVS 004)

11 Feb

ADVERTISE HERE .