ကုန်ဈေးနှုန်းသတင်း ၁၀.၂.၂၀၂၆

10 Feb

ဖေဖော်ဝါရီလ ၁၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ပြောင်းဆန်၊ ထောပတ်ပဲနဲ့ ကြက်သွန်ဖြူဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်နီ၊ ထန်းလျက်နဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၈,၃၈၉ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၀,၁၂၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၆၅ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၁၁၀,၅၇၁ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၇,၀၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၁၃၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၄၄၀ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၂,၈၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၁,၅၂၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝ ကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၆,၉၂၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၂,၃၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၄၅၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(တရုတ်) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၅၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၃,၉၈၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၃၅ ကျပ်၊ မန္တလေးမှာ ၂,၄၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၄၀၀ ကျပ်၊ မန္တလေးမှာ ၂,၅၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၈၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၆၀ ကျပ်၊ မန္တလေးမှာ ၂,၅၇၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၄၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၄၀ ကျပ်၊ မန္တလေးမှာ ၂,၈၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၂၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၆၅၀,၀၀၀ိ/-) တစ်ရာ ခြောက်သိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

10 Feb

ADVERTISE HERE .