“မွေထိုင်းပြိုင်ပွဲမှာ မော်ရိုကိုဖိုက်တာကို အလဲထိုးအနိုင်ရခဲ့တဲ့ ထွန်းမင်းနိုင်”
10 Feb
မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်ကြတဲ့ ထွန်းမင်းနိုင် (ခ) ဆူလိုင်မန် ဟာ ထိုင်းနိုင်ငံက ကျင်းပတဲ့ မွေထိုင်း ပြိုင်ပွဲမှာ မော်ရိုကိုဖိုက်တာကို အလဲထိုးအနိုင်ရခဲ့ပါတယ်။ Eliminator Alert လို့ အမည်ရတဲ့ မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာဇာဒမ်နန်အားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ တွဲဆိုင်း ခုနစ်ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး ထွန်းမင်းနိုင် က အဓိကခေါင်ပွဲအဖြစ် မော်ရိုကိုဖိုက်တာ ဟီချမ်ဘူလာရီ နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထွန်းမင်းနိုင်ဟာ မွေထိုင်းပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခြင်း ဖြစ်ပြီး မော်ရိုကိုဖိုက်တာ ဘူလာရီကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ အလဲထိုးကာ အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
10 Feb