“ဘာစီလိုနာအသင်းမှာ စံချိန်သစ်တစ်ခု‌‌ရေးထိုးနိုင်ခဲ့တဲ့ ယာမယ်”

10 Feb

ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်အရွယ် တောင်ပံကစားသမား ယာမယ် ဟာ ၁၉၁၅ ခုနှစ်ထဲက တည်ရှိခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စံချိန်တစ်ခုကို ချိုးဖျက်ခဲ့ပြီး စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။ မာယော့ကာ ကို သွင်းဂိုး ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယာမယ် က သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ပြည့်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အခုသွင်းဂိုးကြောင့်ပဲ အသက် ၁၈ နှစ်အရွယ် ယာမယ် ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ပြည့်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ယာမယ် မတိုင်ခင် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူက ပေါ်လင်ဟို ဖြစ်ပြီး ၁၉၁၅ ခုနှစ်တုန်းက အသက် ၁၉ နှစ် အရွယ်မှာ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယာမယ်ကတော့ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ၂၀၂၃ နောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၆ ပွဲမှာ သွင်းဂိုး ၄၀ ပြည့်ထားခဲ့တာဖြစ်ပါတယ်။ (NVS 008)

10 Feb

ADVERTISE HERE .