“ONE Friday Fights 143 မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် အစ္စရေးဖိုက်တာ ရှီးယားကိုဟန် တို့ ယှဉ်ပြိုင်ထိုးသတ်မည်”

10 Feb

ONE Friday Fights 143 ပွဲစဥ်အတွင်း ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် အစ္စရေးဖိုက်တာ ရှီးယားကိုဟန် တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဟု ONE က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ONE Friday Fights 143 ကို လာမယ့်ဖေဖော်ဝါရီလ ၂၀ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ အစ္စရေးဖိုက်တာ ရှီးယားကိုဟန် ဟာ မြန်မာရိုးရာလက်ဝှေ့သမား ကျော်စွာဝင်း နှင့် ဖဲတပ်စ်ကလပ်မှာ အတူတူ လေ့ကျင့်ပြင်ဆင်နေသူလည်းဖြစ်ပါတယ်။ အစ္စရေးဖိုက်တာ ရှီးယားကိုဟန် က ပြိုင်ဘက်ဖြစ်သူ ဘရော်နီကာ နှင့် နှိုင်းယှဉ်ပါက မာဂုဏ်ကွာခြား ခြင်းကြောင့် မည်သို့ ယှဉ်ပြိုင်ကစားသွားကြမည်ကို ပရိတ်သတ်က စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ ပွဲစဉ်အတွင်း အနိုင်ရတဲ့ ဖိုက်တာအနေနဲ့ ONE ချန်ပီယံလုပွဲ ကစားသွားရမည်ဖြစ်ကာ၊ ပက်ဂျီချာ သို့မဟုတ် ရိုဒီဂွက်စ် အလီရှာ နှစ်ဦးနက်တစ်ဦးဖြင့်ထိပ်တိုက်တွေ့ဆုံဖွယ်ရှိသည်ဟု သုံးသပ်ပြောဆိုနေကြပါတယ်။ (NVS 008)

10 Feb

ADVERTISE HERE .