“ဘာပေ က စီရော်နယ်လ်ဒို လို စွမ်းဆောင်နိုင်မယ့်သူဖြစ်လို့ချီးကျူးလိုက်တဲ့ အာဘီလိုအာ”

10 Feb

ရီးရဲလ်အသင်းရဲ့နည်းပြ အာဘီလိုအာ က ပြင်သစ်တိုက်စစ်မှူး ဘာပေ ဟာ အသင်းရဲ့ကစားသမားဟောင်း စီရော်နယ်လ်ဒို လို စွမ်းဆောင်နိုင်မယ့်သူလို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဘာပေ ဟာ ဗလင်စီယာအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဒုတိယဂိုးသွင်းယူ နိုင်ခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံမှာ ၃၈ ဂိုးပြည့်မြောက်ခဲ့ပါတယ်။ ဘာပေ ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၉ ပွဲကစားရာမှာ သွင်းဂိုး ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အခုရာသီမှာတော့ ပြိုင်ပွဲစုံ ၃၁ ပွဲကစားအပြီးမှာပဲ သွင်းဂိုး ၃၈ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး ၆ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်ကြောင်းလည်း အာဘီလိုအာ က သုံးသပ်ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ရီးရဲလ်အသင်းနဲ့အတူ ဂိုးပေါင်း ၄၅၀ ဂိုးသွင်းယူကာ အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားပြီး ဘာပေ ကတော့ လက်ရှိအချိန်အထိ ၈၂ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ (NVS 008)

10 Feb

ADVERTISE HERE .