“ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း ဖွင့်လှစ်မည်”

10 Feb

ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်းရက်တိုသင်တန်း အမှတ်စဉ်-၁၉အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းသားခေါ်ယူ နေပြီဖြစ်ကြောင်း သိရပါတယ်။ သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက် (တနင်္လာနေ့မှ သောကြာနေ့)အထိ သင်ကြားပေးမှာ ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖြစ်ပါတယ်။ သင်တန်းသားဦးရေကို ၅၀ အထိ လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်း သိရပါတယ်။ သင်တန်းတက်ရောက်ရမည့် နေရာကတော့ အမှတ်(၂၂၈/၂၄၀)၊ စတုတ္ထထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်း မြို့နယ် ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်လျှောက်ထားသူများအနေနဲ့ ၁ လက်မပတ်လည်ဓါတ်ပုံ ၃ ပုံ၊ ဘွဲ့(သို့) တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူတို့နှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 004)

10 Feb

ADVERTISE HERE .