“ဒလတံတား ဖြတ်သန်းအသုံးပြုခကို ဖေဖော်ဝါရီလ ၁၂ ရက်မှ စတင်၍ ကောက်ခံမည်”
10 Feb
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖြတ်သန်းအသုံးပြုခကို ယာဉ်အမျိုးအစား Class ၄ မျိုးခွဲပြီး ဈေးနှုန်းများသတ်မှတ်ကာ ဖေဖော်ဝါရီလ ၁၂ ရက်မှစတင်ကောက်ခံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကနေ သိရပါတယ်။ တံတားဖြတ်သန်းခအဖြစ် Class 1 တွင် ၃ တန်အောက် အိမ်စီးကားအမျိုးအစားကို ကျပ် ၅၀၀ နှုန်း၊ Class 2 တွင် လိုက်ထရပ်၊ ကန်ဒါနှင့် ဒိုင်နာယာဉ် အမျိုးအစားများကို ကျပ် ၁,၀၀၀ နှုန်း၊ Class 3 တွင် Mini Bus ယာဉ်အမျိုးအစားများကို ကျပ် ၂,၀၀၀ နှုန်းနှင့် Class 4 တွင် ကုန်တင်ယာဉ်အငယ်ဖြစ်တဲ့ ၈ ဘီး၊ ၆ ဘီးယာဉ်များကို ကျပ် ၄,၀၀၀ နှုန်း သတ်မှတ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်အမျိုးအစား ၄ မျိုးကိုသာ ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ပြီး လူဖြတ်သန်းသွားလာမှုကိုလည်း နောက်ပိုင်းမှာ ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
10 Feb