“စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ အက်သလက်တီကို တို့ ထိပ်တိုက်တွေ့ဆုံနေ”

09 Feb

စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ရေးဆွဲရာမှာတော့ လာလီဂါထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ အခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘီလ်ဘာအို နဲ့ ဆိုစီဒက်အသင်း ရင်ဆိုင်ကစားရမှာဖြစ်တယ်။ ဆီမီးဖိုင်နယ် ပထမအကျော့ကို ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်၊ ဒုတိယအကျော့ကို မတ်လ ၃ ရက်နဲ့ ၄ ရက်မှာ ကစားမယ်လို့ သိရပါတယ်။ အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်းမှာ ပထမအကျော့ ကစားရပြီး ဒုတိယအကျော့ကို ဘာစီလိုနာအိမ်ကွင်း နူးကမ့် မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ ဆီဒင်သတ်မှတ်ချက် မရှိတော့ဘဲ ပွဲစဉ်ရေးဆွဲခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုရာသီလာလီဂါပထမအကျော့မှာ အက်သလက်တီကိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပြီး ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု ၁၀ ပွဲမှာလည်း တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။ (NVS 008)

09 Feb

ADVERTISE HERE .