“မေဂျာလိဂ်ကလပ် မင်နီဆိုးတားအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်”

09 Feb

ကိုလံဘီယာတိုက်စစ်ကစားသမား ဟာမီးစ် ရိုဒရီဂွက်ဇ် ဟာ မေဂျာလိဂ်ကလပ် မင်နီဆိုးတားအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ရိုဒရီဂွက်ဇ် ရဲ့စာချုပ်ဟာ ကမ္ဘာ့ဖလားကာလအပြီးထိသာဖြစ်ပြီး အခုနှစ် ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးခွင့်တော့ ပါဝင်နေပါတယ်။ ရိုဒရီဂွက်ဇ် ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ မက္ကဆီကိုကလပ် လီယွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ် ဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းကတည်းက ကလပ်အသင်းအဆင့်မှာ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့် လက်ရွေးစင်အသင်းမှာတော့ အဓိကကစားသမား ဖြစ်နေဆဲဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာအသင်းကို ဦးဆောင်လာမှာ ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ် ဟာ ကိုလံဘီယာအသင်းအတွက် ပြိုင်ပွဲစုံ ၁၂၂ ပွဲကစားကာ ၃၁ ဂိုး သွင်းယူပေးထားပါတယ်။ (NVS 008)

09 Feb

ADVERTISE HERE .