“ဂိုးပါဝင်ပတ်သက်မှု ၂၀၀ ပြည့်မြောက်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်”

09 Feb

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု) ဂိုး ၂၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ စပါးကို အနိုင်ရတဲ့ပွဲမှာ တစ်ဂိုး သွင်းယူပြီးနောက် ပရီးမီးယားလိဂ်မှာ ၁၀၄ ဂိုးသွင်း၊ ၉၆ ဂိုးဖန်တီးနဲ့ အခုမှတ်တမ်းကို ရရှိခဲ့တာပါ။ ဖာနန်ဒက်စ် ဟာ အခုမှတ်တိုင်ကို ရောက်ရှိဖို့ ပရီးမီးယားလိဂ်ပွဲ ၃၁၄ ပွဲသာ ကစားခဲ့ရပြီး မန်ယူနိုက်တက်သမိုင်းမှာ ဒုတိယပွဲအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ပွဲအနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သူက ဝိန်းရွန်နီဖြစ်ကာ ၂၉၅ ပွဲမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ် ဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ဂိုး ရှိနေပြီး ဟာလန်း ပြီးနောက် ဒုတိယအများဆုံး ဖြစ်နေတယ်။ ဒါ့အပြင် ၂၀၂၆ နှစ်သစ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း ဂိုးသွင်းယူမှု သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုရာသီ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုဇယားမှာလည်း ၁၂ ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ (NVS 008)

09 Feb

ADVERTISE HERE .