“လယ်ယာမြေလုပ်ငန်းမှတ်တမ်းတင်ခြင်းကို အွန်လိုင်းစနစ်နဲ့ Data များထားရှိဆောင်ရွက်နိုင်ရန် Software အသစ်ရေးဆွဲမည်”
09 Feb
စာချုပ်စာတမ်းများ မှတ်ပုံတင်မှုမှတ်တမ်းတင်ခြင်းနှင့် လယ်ယာမြေလုပ်ငန်းအတွက် မှတ်တမ်းတင်ခြင်းကို ရုံးများမှ ရုံးချုပ်သို့ အွန်လိုင်းစနစ်ဖြင့် Data Backup များထားရှိပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Software အသစ်ရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်း၏ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ မှတ်တမ်းတင်ရန် အသုံးပြုလျက်ရှိသည့် FDM & DDMS Software များကို Upgrade and Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အွန်လိုင်းစနစ်နဲ့ Data Backup များထားရှိပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Software အသစ်ရေးဆွဲသွားမည် ဖြစ်ပြီး ရေးဆွဲမည့်ကုမ္ပဏီက Backup ပြုလုပ်ခြင်း၊ VPN ချိတ်ဆက်ခြင်း၊ File Server သို့ Login ဝင်ရောက်၍ Backup Folder ထည့်ခြင်း၊ Windows တင်ခြင်း၊ FDMS နှင့် DDMS စနစ်အသစ်များကို Install ပြုလုပ်ခြင်းနှင့် အသုံးပြုနည်း တို့ကို လက်တွေ့ပြသမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအရာထမ်း၊ အမှုထမ်း ၁၉၃ ဦး တက်ရောက်ပြီး Software အသစ်ရေးဆွဲနည်းကို လက်တွေ့လေ့လာကြကာ ဖေဖော်ဝါရီလ ၁၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)