“တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၏ အမည်စာရင်းများ UEC ထုတ်ပြန်”
09 Feb
၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှစတင်ပြီး အပိုင်း(၃)ပိုင်းနဲ့ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးဖြစ်ရာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ယခုအချိန်မှာ အမျိုးသားလွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ထားတဲ့ တပ်မတော်သားများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်၍ ဖေဖော်ဝါရီလ ၈ ရက်၌ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် အသိပေးလာခြင်း ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ(၃၁)အရ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး ၏ အမည်စာရင်းများကို ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်ကလည်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး ၏ အမည်စာရင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ (NVS 004)