“သံရည်ကျိုအပ်နှံမည့် ယာဉ်ယန္တရားများကို ဖြတ်တောက်သယ်ယူပို့ဆောင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ”
09 Feb
စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းအနေနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ၄ ခုတို့မှ သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်အပါအဝင် ယာဉ်ယန္တရား ၁,၃၈၈ စီးအား ဖြတ်တောက်သယ်ယူပို့ဆောင် ပေးနိုင်မည့် ကုမ္ပဏီ/အဖွဲ့အစည်းများကို အိတ်ဖွင့်တင်ဒါခေါ်ယူနေပါတယ်။ အဆိုပါဖိတ်ခေါ်ချက်အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း/ဝန်ကြီးဌာနများနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာသိမ်းယာဉ်များမှ သံရည်ကျိုအပ်နှံမည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့်ရှမ်းပြည်နယ်(တောင်/ရှေ့)အတွင်းရှိ မြို့နယ်များမှ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်/ယန္တရားစုစုပေါင်း ၁,၃၈၈ စီးကို အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးနိုင်မည့် ကုမ္ပဏီ/အဖွဲ့များအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူဆောင်ရွက်ဖို့ ရှိနေပါတယ်။ အခုလိုဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးရမည့် ယန္တရားများမှာ Lot 1 အဖြစ် မကွေးနှင့်စစ်ကိုင်း တို့မှာ ၆၉၅ စီးနှင့် Lot 2 အဖြစ် မကွေးနှင့်ရှမ်းပြည်နယ်(တောင်/ရှေ့)မှာ ၆၉၃ စီးဖြစ်ကာ ၎င်းတို့အတွက် ဖေဖော်ဝါရီလ ၆ ရက်မှ တင်ဒါပုံစံစတင်ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်မှာ တင်ဒါပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အုပ်ချုပ်ရေးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊နေပြည်တော်သို့ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါကလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ (NVS 004)