Winners Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ အမ်မာ တက်လှမ်း
08 Feb
ရိုမေးနီးယားနိုင်ငံ ကလုချ်မြို့တွင် ကျင်းပနေတဲ့ Winners Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ် တစ်ပွဲအဖြစ် ဗြိတိန်တင်းနစ်မယ် အမ်မာနှင့် ယူကရိန်းတင်းနစ်မယ် အိုလီညာကိုဗာကို ၇-၆ ၊ ၃-၆ ၊ ၆-၃ ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းခဲ့ပါတယ်။ အမ်မာဟာ နည်းပြသစ်နှင့်လက်တွဲခဲ့ပြီးနောက် ပါဝင်ယှဉ်ပြိုင်သော ပထမဆုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် အိုလီညာကိုဗာကို ပွဲကစားချိန် နှစ်နာရီ ၄၈ မိနစ်ထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ အမ်မာ က ဗိုလ်လုပွဲတွင်လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
08 Feb