အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီအပြောင်းအရွှေ့ကိစ္စရပ်များနှင့်ပတ်သက်၍ တင်းမာမှုများ ကြောင့် အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေ

08 Feb

အက်သလက်တီကိုအသင်းနှင့် နည်းပြဆီမြွန်နီတို့အကြား အပြောင်းအရွှေ့ကိစ္စရပ်များတွင် သဘော တင်းမာမှုများရှိခဲ့ပြီးနောက် နည်းပြဆီမြွန်နီ၏အနာဂတ်မရေမရာဖြစ်နေကြောင်း သတင်းဝက်ဘ်ဆိုက်တွေက ဖော်ပြလာကြပါတယ်။ အသက် ၅၅ နှစ်အရွယ် နည်းပြဆီမြွန်နီဟာ အက်သလက်တီကိုအသင်းကို ၂၀၁၁ ခုနှစ်က စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းကို ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ကာ ယူရိုပါလိဂ် ဖလားနှင့် စပိန်လာလီဂါဖလားများကို ဆွတ်ခူးပေးခဲ့သည့်အပြင် အသင်းကို ထိပ်တန်းအသင်းတစ်သင်းအဖြစ် ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့သည့် ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် နည်းပြဆီမြွန်နီက ကစားသမားသစ်များ ခေါ်ယူပေးရန် တောင်းဆိုခဲ့သော်လည်း ခေါ်ယူပေးခြင်းမရှိသည့်အတွက် နည်းပြဆီမြွန်နီနှင့် အသင်းဒါရိုက်တာ အလီမန်းနီတို့အကြား သဘောထားတင်းမာမှုများရှိလာခဲ့ပြီးနောက် နည်းပြဆီမြွန်နီအနေနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်တွင် အသင်းထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် အက်သလက် တီကိုအသင်း တာဝန်ရှိသူများကလည်း အသင်းကို ကြီးမားသည့်အပြောင်းအလဲများ လုပ်ဆောင်ရန်အတွက် ရာသီ အကုန်တွင် နည်းပြအသစ်ခန့်အပ်မည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေပါတယ်။ (NVS 008)

08 Feb

ADVERTISE HERE .