၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်း က ကန်ဆက်မြို့၌ ပြင်ဆင်မှုများလုပ်ဆောင်မည်

08 Feb

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို အာဂျင်တီးနားအသင်း က အမေရိကန်နိုင်ငံ ကန်ဆက် မြို့၌အခြေချပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အခြေချပြီး ပြင်ဆင်မှုများ လုပ်ဆောင်မည့်နေရာကို အသင်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ကြံ့ခိုင်ရေးအဖွဲ့ဝင်များစေလွှတ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ရာသီဥတုကောင်းမွန်သည့် ကန်ဆက် မြို့တွင် အခြေချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ရန် အမေရိကန်နိုင်ငံ ကန်ဆက်မြို့ရှိ မေဂျာလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်းကန်ဆက်စီးတီးအသင်း လေ့ကျင့်ရေး စင်တာတွင် ပြင်ဆင်မှုများ လုပ်ဆောင်မည် ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စု(၂)တွင် အယ်လ်ဂျီးရီးယားအသင်း၊ ဩစတြီးယားအသင်း၊ ဂျော်ဒန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အယ်လ်ဂျီးရီးယားအသင်းနှင့်စတင်ကစားရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို အနိုင်ရခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးခဲ့ကာ လာမည့် ပြိုင်ပွဲတွင် ချန်ပီယံဆုကိုကာကွယ် ရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

08 Feb

ADVERTISE HERE .