ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ၁၅ ရာသီဆက်တိုက် ၁၀ ဂိုးနဲ့အထက် သွင်းခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီး

08 Feb

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ၁၅ ရာသီဆက်တိုက် ၁၀ ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့မှတ်တမ်းကို ရရှိခဲ့ပါတယ်။ အဆိုပါမှတ်တမ်းကို လီဝန်ဒေါစကီး မတိုင်ခင် စီရော်နယ်လ်ဒို၊ မက်ဆီတိုက ရရှိထားခဲ့ပြီး လီဝန်ဒေါစကီးဟာ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာမှာကစားရင်း ယခုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ လီဝန်ဒေါစကီးရဲ့ မာယော့ကာနဲ့ပွဲမှာ ရရှိခဲ့တဲ့ သွင်းဂိုးဟာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂိုး အများဆုံး ၁၅ ဦးစာရင်းထဲ ဝင်ရောက်စေခဲ့ပြီး ဘာစီလိုနာအသင်းအတွက် လေးရာသီအတွင်း ၁၁၄ ဂိုး သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီမှာ ၃၃ ဂိုး၊ ၂၀၂၃-၂၄ ရာသီမှာ ၂၆ ဂိုး၊ ၂၀၂၄-၂၅ ရာသီမှာ ၄၂ ဂိုးနဲ့ အခုရာသီမှာ ၁၃ ဂိုး သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

08 Feb

ADVERTISE HERE .