(၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့

08 Feb

တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၈ နာရီက ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီစည်သူ ရာပြည့် က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင် စည်သူ ဦးအောင်အောင် က အမှာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ်အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်အဖွဲ့အစည်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီးများက ပင်လုံဂုဏ်ရည် ထူးချွန်ဆုရရှိသူ တစ်ဦးနှင့် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူ ၄၁ ဦးနှင့် လုံခြုံရေး နှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူရှစ်ဦးတို့ကို ဆုများ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးတို့က လူမှုထူးချွန် (ပထမအဆင့်၊ ဒုတိယအဆင့်) ဆုရရှိသူများကိုလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရပါတယ်။ (၇၉) နှစ်မြောက်ရှမ်းပြည်နယ်နေ့ပြခန်းများဖွင့်ပွဲကျင်းပခဲ့ကာ တာဝန်ရှိသူများက တိုင်းရင်းသား ရိုးရာအစား အစာပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ ကုမ္ပဏီပြခန်းများ၊ MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ ဝတ်စုံ ပြခန်း များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါတယ်။ (NVS 004)

08 Feb

ADVERTISE HERE .