သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး က EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ Road map ချမှတ်ပြီး ဆောင်ရွက်နေဟု ဆို
08 Feb
ရန်ကုန် အင်းစိန်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ၌ ဖေဖော်ဝါရီလ ၆ ရက်က ကျင်းပခဲ့သော EV ပြုပြင်ထိန်းသိမ်း မှုသင်တန်းဆင်းပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က အမျိုးသား အဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီအနေဖြင့် EV ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ Road Map များနှင့် မူဝါဒချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့ပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဆိုပါမူဝါဒနှင့် Road Map ကို လုပ်ငန်းကော်မတီငါးခု တို့က ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်နေကြောင်း၊ EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာ အပေါ် မှီခိုရမှု နှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေကုန်ကျစရိတ်များကို လျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုနှင့်အခြား ဆုလာဘ်များကို ပြည်သူများ ခံစားရရှိနိုင်စေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါအပြင် EV နည်းပညာ အရွေ့များ အတိုင်း အမီလိုက်ပါနိုင်ရေးနှင့်နိုင်ငံအကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် EV နည်းပညာများကို အခြေခံကာ စဉ်ဆက်မပြတ်လေ့လာကြိုးပမ်းဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)