နျူကလီးယားဆွေးနွေးပွဲအပြီးတွင် အမေရိကန်က အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များချမှတ်

08 Feb

အမေရိကန်နိုင်ငံသည် အိုမန်နိုင်ငံ၌ပြုလုပ်သည့် နျူကလီးယားဆွေးနွေးပွဲများပြီးဆုံးပြီးနောက် နာရီပိုင်း အကြာ ဖေဖော်ဝါရီလ ၆ ရက်တွင် အီရန်၏ရေနံနှင့်ရေနံဓာတုပစ္စည်းကုန်သွယ်မှုအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ် ပိတ်ဆို့မှုအသစ်များ ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပိတ်ဆို့မှုများသည် အီရန်အစိုးရ၏ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ယခု ဒဏ်ခတ် ပိတ်ဆို့ မှုတွင် အီရန်ရေနံ များကို နိုင်ငံတကာကန့်သတ်ချက်များ ဖောက်ဖျက်၍ သယ်ယူပို့ဆောင်နေသည့် သင်္ဘောအုပ်စုနှင့် ဆက်နွှယ်ပတ်သက်နေသောသင်္ဘော ၁၄ စင်းနှင့်အဖွဲ့အစည်း ၁၅ ခု ပါဝင်သည်။ အမေရိကန်အစိုးရသည် အီရန်အနေဖြင့် ရရှိလာသော ရေနံဝင်ငွေများကို ပြည်တွင်းနှိမ်နင်းရေးနှင့် ဒေသ တွင်း မတည်ငြိမ်အောင်လုပ်ဆောင်သည့် ကိစ္စရပ်များ၌ အသုံးပြုနေသည်ဟု စွပ်စွဲထားသည်။ အိုမန်နိုင်ငံ မတ်စကတ်မြို့၌ ပြုလုပ်သည့် အမေရိကန်နှင့်အီရန်တို့ကြား ဆွေးနွေးပွဲများကို အီရန်ဘက်က “အစကောင်း" တစ်ခု ဖြစ်သည်ဟု ထုတ်ဖော်ပြောထားသော်လည်း အမေရိကန်ဘက်ကမူ အီရန်အပေါ် ဖိအားပေးမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Feb

ADVERTISE HERE .