ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် ဇီဝနည်းပညာ အသုံးပြုထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများကို ပါဝင်ခင်းကျင်းပြသသွားမည်

07 Feb

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်(နေပြည်တော်)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသန ဦးစီးဌာနက ဇီဝနည်းပညာ အသုံးပြုထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများကို ပါဝင်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ဇီဝနည်းပညာသုတေသနဦးစီးဌာနအနေနဲ့ ပြခန်းတွင် MSME လုပ်ငန်းရှင်များအတွက် စိုက်ပျိုးမွေးမြူရေးမှ ထွက်ရှိတဲ့ ကုန်ကြမ်းများမှထုတ်ကုန်ပစ္စည်းများ၊ ထုတ်လုပ်နိုင်တဲ့နည်းပညာများ၊ အငွေ့ဖြင့် စိုက်ပျိုးနည်းပညာ၊ ဇီဝပိုးသတ်ဆေးနှင့်ပတ်သက်သည့် နည်းပညာများ၊ ဇီဝနည်းပညာအသုံးပြုထုတ်လုပ်ထားတဲ့ ဇီဝဓာတ်မြေဩဇာ အပင်တစ်သျှူးမျိုးပွားမှုမှရရှိလာသည့် ဇီဝထုတ်ကုန်များကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ပြပွဲသို့ လာရောက်ကြည့်ရှုသူများနှင့် စိုက်ပျိုးတောင်သူများအတွက် အသိပညာပေးအစီအစဉ်များအပြင် လိုအပ်ပါက နည်းပညာဆိုင်ရာသင်တန်းများပါ ဆက်လက်ပို့ချပေးသွားနိုင်ရန် ဆောင်ရွက်သွားပေးသွားမှာ ဖြစ်ပါတယ်။ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ပြည်သူ့ရင်ပြင်၌ ခြောက်ရက်တာ ကျင်းပ သွားမှာဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာနအပါအဝင် ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်းများစတဲ့ ပြခန်းစုစုပေါင်း ၁၂၄ ခန်း ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

07 Feb

ADVERTISE HERE .