နိုင်ငံတော်ယာယီသမ္မတ သီတဂူဆရာတော်ကြီးအား ဖူးမြော်ပြီး ဘုရား၊ စေတီပုထိုးများ ပြုပြင်ရေးလုပ်ငန်းများ အတွက် အလှူငွေများလှူဒါန်း

07 Feb

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံသို့ သွားရောက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အား ဖူးမြော်ကြည်ညိုခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့ဝင်များက သီတဂူစက္ခုဒါနဆေးရုံတွင် လာရောက်ခွဲစိတ်ကုသမှု ခံယူထား သည့် ပြည်သူများအား မျက်မှန်များတပ်ဆင်ပေးကာ ကုသမှုခံယူရန် စောင့်ဆိုင်းလျက်ရှိသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကစကား ပြောကြားခဲ့ပါတယ်။ ထို့နောက် သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း ၃၀၀ ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် ဆေးရုံ တက်ရောက်ကုသရန်အတွက် လာရောက်မျက်စိစမ်းသပ်သူ ၁၆၀၀ ဦးခန့်ရှိကြောင်း၊ ၎င်းတို့အနက် မျက်စိခွဲစိတ် ကုသရန် လိုအပ်သူ ၅၀၀ ဦးခန့်ရှိကာ ပြည်သူများအား အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

07 Feb

ADVERTISE HERE .