“ရွေးကောက်ပွဲကုန်ကျစရိတ် သတ်မှတ်ရက်အတွင်း တင်သွင်းကြရန် UEC အသိပေး”

06 Feb

ပြီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ကို မြို့နယ် ၆၁ မြို့နယ်မှာ ကျင်းပပြီးဖြစ်၍ ရွေးကောက်ပွဲနည်းဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက် တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အမည်စာရင်း ကြေညာပြီးနောက် သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျ စရိတ်ကို တင်သွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၄ ရက်ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာတဲ့နေ့မှစတင်၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းရမည်လည်း ဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း မတင်သွင်းပါက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေအရ အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ကြေညာခံ ရမှာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ် လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း တင်သွင်းကြရန်လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 004)

06 Feb

ADVERTISE HERE .