“အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(အေးသာယာ)ကို တတိယအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်”

06 Feb

ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(အေးသာယာ)ကို တတိယ အကြိမ် လွှဲပြောင်းပေးအပ်ခြင်းကို အဆိုပါအိမ်ရာမှာ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(အေးသာယာ) တတိယအကြိမ်လွှဲပြောင်းပေးအပ်ခြင်းကို တိုင်းမှူး နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် စစ်မှုထမ်းဟောင်းအိမ်ရာ ဓမ္မာရုံဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းတဲ့ ငွေကျပ်သိန်း ၆၀၀ နှင့် ဘိလပ်မြေအိတ် ၅၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးက လက်ခံရယူပါတယ်။ အဲဒီနောက် တိုင်းမှူးက နေထိုင်ခွင့်ရရှိသော စစ်မှုထမ်းဟောင်းမိသားစုဝင်များကို နေထိုင်ခွင့် ကတ်ပြားနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ စစ်မှုထမ်းဟောင်းမိသားစုဝင်များကိုယ်စား စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တစ်ဦးက လက်ခံရယူခဲ့ပါတယ်။ (NVS 004)

06 Feb

ADVERTISE HERE .