"ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ"
05 Feb
ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းက အရိုးပွခြင်းကိုကာကွယ်ဖို့ ကူညီပေးပါတယ်။ ငရုတ်သီးစိမ်းမှာ ဗီတာမင် ကေ ပါဝင်တာကြောင့် အရိုးပွခြင်းအန္တရာယ်ကို လျော့ကျစေပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းကို ကာကွယ်ပေးဖို့ ကူညီနိုင်ပါတယ်။ ဒါ့အပြင် မျက်လုံးအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင်စီနဲ့ beta carotene ပါဝင် မှုကြောင့် မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အရေပြားကူးစက်ခံရမှုတွေကို ကူညီပေးနိုင်ပါတယ်။ Anti-bacterial properties တွေကြောင့် အရေပြားမှာ ကူးစက်ခံရတဲ့ပြဿနာမျိုးတွေနဲ့ ဝက်ခြံတွေကို ကူညီဖြေရှင်း ပေးနိုင် ပါတယ်။ အရေပြားကျန်းမာရေးနဲ့ ညီညွတ်စေပြီး အရေပြားကို တောက်ပကြည်လင်စေတဲ့ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ အေးပြီးအလင်းရောင် မရတဲ့နေရာမျိုးမှာ သိမ်းဆည်းခြင်းက ဗီတာမင်စီကို ထိန်းသိမ်းထားသလို ဖြစ်စေပါတယ်။ အစာခြေစနစ် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ Dietary fibre ပါဝင်မှုကြောင့် အူမကြီးကို အစာတွေသယ်ယူရာမှာ ချောမွေ့စေပြီး သယ်ယူရလွယ်ကူစေပါတယ်။ အစာခြေစနစ် ကို ကျန်းမာစေပါတယ်။ အစာအိမ်နာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝိတ်ကျဖို့လည်း အထောက်အကူ ပြုပါတယ်။ ပိုလျှံနေတဲ့အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် ဝိတ်ကျဖို့ အကူအညီဖြစ်စေပါတယ်။ ငရုတ်သီးစိမ်းက သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။ သွေးထဲက သကြား ဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုသမားတွေအတွက်လည်း အကျိုးရှိစေ ပါတယ်။ နောက်ပြီးတော့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ Antioxidants ဓာတ်တွေ ပါဝင်မှုကြောင့် ကင်ဆာဆဲလ်တွေ တိုးပွားလာစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဆန့်ကျင်ပေး နိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ Cholesterol level နဲ့ triglyceride ပမာဏကို လျော့ကျစေတဲ့အတွက် သွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးခဲခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ငရုတ်သီးစိမ်းက အအေးပတ်ခြင်းကိုလည်း ကုသပေးဖို့ ကူညီနိုင်ပါတယ်။ Capsaicin ဆိုတဲ့ ဓာတ်ပါဝင်မှုကြောင့် နှာခေါင်းထဲက အမှေးပါးတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ နှာခေါင်း ထဲက ချွဲတွေကို ပျော်စေပြီး အအေးပတ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ (NVS 003)